Hacker ဆိုတာ အဖျက်အမှောင့်တွေ လုပ်တဲ့သူလား။
Burmese IT-Man
Hacker ဆိုတာ အဖျက်အမှောင့်တွေ လုပ်တဲ့သူလား။
Hacker ဆိုတဲ့စကားလုံးကို များသောအားဖြင့် အဖျက်အမှောင့်လုပ်တဲ့သူအနေနှင့် တော်တော်များများက နားလည်ကြတယ်။ တကယ်တော့ Hacker ဆိုတဲ့ စကားလုံးရဲ့ မူလအဓိပ္ပါယ်ကိုက အဲ့လိုမျိုးသုံးစွဲဖို့အတွက် ရည်ရွယ်ထားတာမဟုတ်ပါဘူး။ Hacker တွေက IT နယ်ပယ်ထဲမှာ Professional Field တစ်ခုအနေနှင့် ရှိတာပါ။ ဘယ်လိုနယ်ပယ်မှာပဲဖြစ်ဖြစ် လူကောင်းနှင့် လူဆိုးနှစ်မျိုးရှိသလိုပဲ၊ Hacker တွေမှာလည်း လူကောင်းနှင့် လူဆိုးတွေရှိတယ်။ Hacker အမျိုးအစားခွဲခြားမယ်ဆိုရင်တော့ Black Hat၊ White Hat နှင့် Grey Hat ဆိုပြီး Hacker အုပ်စု (၃) မျိုးခွဲခြားလို့ရတယ်။ ဒီထဲမှာမှ Professional အဖြစ်ကိုမရောက်သေးတဲ့ Hacker တွေလည်းရှိတယ်။ ယခု Video ကတော့ ဒီ Hacker တွေအကြောင်းနှင့် သူတို့ ဘယ်လိုအလုပ်တွေ လုပ်ကြတယ်၊ ဘယ်လို Computer Operating System တွေသုံးကြတယ်၊ ဘယ်လို နည်းပညာတွေ တတ်ကျွမ်းကြတယ်ဆိုတာကို ပြောပြထားတာဖြစ်ပါတယ်။ တကယ်တော့ Professional Hacker တစ်ယောက်အဖြစ်ကိုရောက်ဖို့ဆိုရင် လွယ်ကူတဲ့အရာတော့ မဟုတ်ဘူး သိစရာ၊ တတ်စရာတွေ အများကြီးလိုလို့ဖြစ်တယ်။ INTERNET 24/7 အသုံးပြုနိုင်တဲ့နေရာမှာ နေတဲ့သူတွေအနေနှင့် INTERNET ထဲမှာ လေ့လာစရာ အများကြီးရှိပါတယ်။ လေ့လာချင်စိတ်နှင့် စိတ်ထက်သန်မှုရှိဖို့ပဲ လိုပါတယ်။
Kali Linux Download https://www.kali.org/downl ... https://www.youtube.com/watch?v=Cv1FbZhqHp8
78419545 Bytes